Home » 

Make Hexa

Make Hexa ဆိုတဲ့ app ကတော့ စဉ်းစားတွေးခေါ်နိုင်စွမ်းကို ပိုမိုမြန်ဆန်စွာနဲ့ အသုံးပြုစေရန်အတွက် လေ့ကျင့်ပေးနိုင်တဲ့ ဂိမ်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ ပေးထားတဲ့ အကွက်တွေထဲကို အရောင်တူရာ အစိတ်အပိုင်းတွေလိုက်ဖြည့်ရင်း အမှတ်တွေကို အများဆုံးရအောင် ကစားပေးရမှာဖြစ်ပါတယ်။

ဒီဂိမ်းဟာ ၂၀၁၇ မတ်လ ၉ ရက်နေ့ကမှ စတင်ဖြန့်ချိပေးတာဖြစ်ပြီး ထည့်သွင်းကစားလိုသူတွေအနေနဲ့ iTunes မှာအခမဲ့ ရယူနိုင်ပါတယ်။ iOS version 6.0 နဲ့အထက်မှာ ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Download လုပ်လိုသူများ ဒီနေရာမှာ ရယူနိုင်ပါတယ်။